Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:21

Judson Bible

လိ​မ္မာ​သော စိတ်​သ​ဘော​ရှိ​သော​သူ​သည် ပ​ညာ​သ​တိ​ရှိ​သည်​ဟု ကျော်​စော​ရာ​သို့ ရောက်​တတ်၏။ ချို​သော​စ​ကား​ကို ပြော​တတ်​သော နှုတ်​သ​တ္တိ​သည်​လည်း ပ​ညာ​အ​တတ်​ကို တိုး​ပွား​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။

ကိုယ်​တော်​သည် လူ​မျိုး​ထက်​အ​ဆင်း​လှ​ပါ၏။ နှုတ်​တော်​သည် ကျေး​ဇူး​စ​ကား​နှင့် ပြည့်​စုံ​ပါ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​တော်​မူ၏။

ဉာဏ်​ကောင်း​သော​သူ​သည် ပ​ညာ​စ​ကား​ကို ပြော​တတ်၏။ ဉာဏ်​မဲ့​သော​သူ၏​ကျော​အ​ဖို့​မူ​ကား ကြိမ်​လုံး​ရှိ၏။

မိုက်​သော​သူ​သည် အ​ပြစ်​ပြု​ရာ၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား ဆင်​ခြင်​တတ်၏။

လိ​မ္မာ​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ခံ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား​ဆုံး​ရှုံး​တတ်၏။

ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။

ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။

ငါ့​သား၊ သင့်​နှ​လုံး၌ ပ​ညာ​ရှိ​လျှင် ငါ့​နှ​လုံး​နှင့် ငါ့​ကိုယ်​တိုင်​သည် ဝမ်း​မြောက်​လိမ့်​မည်။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။

ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် နား​ထောင်​ဖွယ်​သော​စ​ကား​ကို ရှာ၍၊ ရေး​ထား​ချက်​စ​ကား​သည် ဖြောင့်​မတ်​သော​စ​ကား၊ သ​မ္မာ​စ​ကား​ဖြစ်၏။

ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။-

ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။-

မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။-

သင်​တို့ ယုံ​ကြည်​နား​ထောင်​ခြင်း အ​ကြောင်း​အ​ရာ​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်၍၊ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ကောင်း​သော​အ​မှု၌​ကား၊ ပ​ညာ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​အ​မှု၌​ကား၊ အ​ပြစ်​ကင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​အ​လို​ရှိ၏။-

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ