Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:9

Judson Bible

မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​ကား ချစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။

တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​အ​မှု​ကို​နှစ်​သက်၍ သ​ဘော​ဖြောင့်​သော​သူ​ကို မျက်​နှာ​ပြု​တော်​မူ၏။

ဆိုး​သော​လမ်း​သို့ အ​ကျွန်ုပ်​လိုက်​သည် မ​လိုက်​သည်​ကို​ကြည့်​ရှု၍၊ ထာ​ဝ​ရ​လမ်း​ထဲ​သို့ သွေး​ဆောင်​တော်​မူ​ပါ။

မိုက်​သော​သူ​သည် အ​ထံ​တော်​သို့ မ​ဝင်​ရ။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ၏။

လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။

ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို​ရှာ​သော​သူ​သည် အ​သက်​ရှင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း​ကို တွေ့​တတ်၏။

ထောင်​လွှား​သော​မျက်​နှာ၊ မာ​န​ကြီး​သော​နှ​လုံး၊ မ​တ​ရား​သော​သူ​တို့၏ အ​လင်း​သော်​လည်း အ​ပြစ်​ပါ၏။

လမ်း​လွှဲ​သွား​သော​သူ​သည် ကွာ​ဝေး​ရာ​သို့ ရောက်​တတ်၏။ စင်​ကြယ်​သော​သူ​ပြု​သော အ​မှု​မူ​ကား မှန်​ပေ၏။

မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

ဖြောင့်​မတ်​သော​သူ​သည် ဖြောင့်​သော​လမ်း၌ သွား​တတ်၏။ အို ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ၏ လမ်း​ခ​ရီး​ကို ပြင်​ဆင်​တော်​မူ၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​သို့ လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို ခုတ်​ယူ​ရာ​ကျောက်​နှင့်၊ တူး​ယူ​ရာ​တွင်း​ဝ​ကို ကြည့်​ရှု​ကြ​လော့။

ဖြောင့်​မတ်​ခြင်း​တ​ရား​ကို သိ၍၊ ငါ၏​တ​ရား​ကို နှ​လုံး​သွင်း​မိ​သော သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ လူ​တို့​သည် အ​ပြစ်​တင်​မည်​ဟု မ​စိုး​ရိမ်​ကြ​နှင့်။ လူ​တို့​ကဲ့​ရဲ့​ခြင်း​ကို မ​ကြောက်​ကြ​နှင့်။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊

ပ​ညာ​ကို​လည်း ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ခြင်း​ငှာ လိုက်​ရှာ​ကြ​လိမ့်​မည်။ ထွက်​တော်​မူ​ချိန်​သည် နံ​နက်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ရွာ​သော​မိုး​နှင့် မြေ​အ​ပေါ်​သို့​ရွာ​သော နောက်​မိုး​ကဲ့​သို့ သက်​ရောက်​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

ကျဉ်း​သော​တံ​ခါး​ကို ဝင်​ကြ​လော့။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် ကျယ်​ဝန်း​သည် ဖြစ်၍ ဝင်​သော​သူ​တို့​သည် များ​ကြ၏။-

သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။

သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-

လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ