Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:8

Judson Bible

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်၏​တိုင်​ပင်​မတ်၊ ဂိ​လော​မြို့​သား အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​နေ​ရာ​ဂိ​လော​မြို့၌ ယဇ်​ပူ​ဇော်​လျက်​ရှိ၍ အ​ဗ​ရှ​လုံ​ခေါ်​လေ၏။ အ​ဗ​ရှ​လုံ​နောက်​သို့ လိုက်​သော သူ​တို့​သည်​တိုး​ပွား​များ​ပြား​သ​ဖြင့် ပုန်​ကန်​ခြင်း​အ​မှု​အား​ကြီး​လေ၏။

ထို​သို့ ရှော​လ​မုန်​တောင်း​လျှောက်​သော ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​တော်​မူ၏။

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဉ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။

အို​ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​သော​ဘက်​မှာ​နေ၍ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို​မှတ်​တော်​မူ​ပါ။ မ​လှည့်​စား​တတ်​သော​နှုတ်​နှင့် ဆု​တောင်း​သော​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

မ​တ​ရား​သော​သူ ကြောက်​တတ်​သော​အ​မှု​သည် သူ့​အ​ပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ တောင့်​တ​သော​အ​ကျိုး​ကို​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။

ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။

တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။

တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။

အ​ကြောင်း​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်၏။ လု​ယူ​ခြင်း​အ​မှု​နှင့် အ​ဓ​မ္မ​အ​မှု​ကို​မုန်း၏။ သ​စ္စာ​အ​တိုင်း သူ​တို့​အား အ​ကျိုး​ကို​ပေး​မည်။ သူ​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ဖွဲ့​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။

သင်​သည် ဆု​တောင်း​စ​ပြု​သော​အ​ခါ အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ သင့်​အား​ကြား​ပြော​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ သင်​သည် အ​လွန်​ချစ်​အပ်​သော​သူ​ဖြစ်၏။ ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက်​ကို ဆင်​ခြင်၍ နား​လည်​ရ​သော​အ​ခွင့်​ရှိ၏။

မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။

ထာ​ဝ​ရ​ဘု​ရား​သည် သိုး​ထီး​တစ်​ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အား​ရ​နှစ်​သက် တော်​မူ​မည်​လော။ ငါ့​လွန်​ကျူး​ခြင်း​အ​တွက် ငါ၏​သား​ဦး​ကို​လည်း​ကောင်း၊ ငါ့​စိတ်​ဝိ​ညာဉ်၏ အ​ပြစ်​အ​တွက် ငါ၏​ရင်​သွေး​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်​လော၊

ဟ​ဂ္ဂဲ​က​လည်း၊ ဤ​လူ​မျိုး၊ ဤ​ပြည်​သား​တို့​သည် ငါ့​မျက်​မှောက်၌ ထို​အ​တူ ဖြစ်​ကြ၏။ သူ​တို့​လုပ်​ဆောင်​သ​မျှ​သည်​လည်း ထို​အ​တူ​ဖြစ်၏။ ငါ့​ထံ​မှာ ပူ​ဇော်​သော​အ​ရာ​သည်​လည်း ညစ်​ညူး၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ