Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:29

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​ချည်း​နှီး​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ထို​သို့​သော​စ​ကား​ကို မ​မှတ်​ဘဲ နေ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဝေး​ဝေး​ရပ်၍ နေ​တော်​မူ​သ​နည်း။ ဘေး​အ​န္တ​ရာယ် ရောက်​သည်​ကာ​လ အ​ဘယ်​ကြောင့် ပုန်း​ကွယ်၍ နေ​တော်​မူ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​မြတ်​တော်​မူ​သော်​လည်း၊ စိတ်​နှိမ့်​ချ​သော သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ စိတ်​မြင့်​သော သူ​တို့​ကို​ကား၊ အ​ဝေး​က​သိ​တော်​မူ၏။

သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။

အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။

ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။

မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

သင်​တို့ ဒု​စ​ရိုက်​သည် သင်​တို့​ကို ဘု​ရား​သ​ခင်​နှင့် ကွာ​စေ​ပြီ။ ကြား​တော်​မ​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ပြစ်​သည် မျက်​နှာ​တော်​ကို လွှဲ​စေ​ပြီ။

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် လူ​ဆိုး​တို့​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင်​ကို ရို​သေ​လေး​မြတ်၍ အ​လို​တော်​ကို လိုက်​သော​သူ​ဖြစ်​လျှင် ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့ ဆု​တောင်း​ခြင်း​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ပြု​သော သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ