Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:28

Judson Bible

ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် စော်​ကား​သော​စ​ကား​ကို​ပြော၍၊ သူ​တို့​နှုတ်​ခမ်း​တွင် ဓား​ပါ​လျက် အ​ဘယ်​သူ​ကြား​လိမ့်​မည်​နည်း​ဟု ဆို​တတ်​ကြ​ပါ၏။

စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် နှစ်​သက်​ဖွယ်​သော​အ​ရာ​ကို သိ​ကျွမ်း​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ဆန့်​ကျင်​သော စ​ကား​ကို ပြော​တတ်​ကြ၏။

သ​မ္မာ​သ​တိ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ပ​ညာ​အ​တတ်​နှင့် ပြု​မူ​တတ်​ကြ၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​မိုက်​သော အ​ပြစ်​ကို ထင်​ရှား​စေ​တတ်၏။

ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။

ပ​ညာ​ရှိ​သော​သူ၏​နှ​လုံး​သည် သူ၏​နှုတ်​ကို​သွန်​သင်၍၊ သူ၏​နှုတ်​ခမ်း​တို့၌ ပ​ညာ​အ​တတ်​ကို ထပ်​လောင်း​တတ်၏။

မိုက်​သော​သူ​သည် မိ​မိ​ကြံ​စည်​သ​မျှ​ကို ဖော်​ပြ​တတ်၏။ ပ​ညာ​ရှိ​သော​သူ​မူ​ကား၊ အ​ဆင်​မ​သင့်​မီ ထိမ်​ဝှက်​တတ်၏။

သ​တိ​မ​ရှိ​ဘဲ စ​ကား​များ​သော​သူ​ရှိ​လျှင်၊ ထို​သူ၌ မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​သည်​ထက်၊ မိုက်​သော​သူ၌ သာ၍ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ၏။

သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။

သင်၏​နှုတ်​သည် သင်၏​ကိုယ်​ခ​န္ဓာ၌ အ​ပြစ်​မ​ရောက်​စေ​နှင့်။ အ​ကျွန်ုပ်​မှား​ပါ​ပြီ​ဟု၊ တ​မန်​တော်​ရှေ့​မှာ ပြော​ရ​သော​အ​ကြောင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် သင်၏​စ​ကား​သံ​ကို​အ​မျက်​တော်​ထွက်၍၊ သင်​ပြု​စု​သော​အ​မှု​ကို အ​ဘယ်​ကြောင့် ဖျက်​ဆီး​တော်​မူ​ရ​မည်​နည်း။

အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။-

စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ မှား​ယွင်း​ခြင်း၌ ကျင်​လည်​သော သူ​တို့​အ​ထဲ​က ပြေး​ထွက်​လု​သော​သူ​တို့​ကို၊ ထောင်​လွှား​သော အ​ချည်း​နှီး​စ​ကား ပြော​သည်​နှင့်၊ ဇာ​တိ​ပ​က​တိ တပ်​မက်​ခြင်း၊ ကိ​လေ​သာ​လွန်​ကျူး​ခြင်း​အား​ဖြင့် အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ