Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:26

Judson Bible

မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ပြော​သော​စ​ကား​နှင့် စိတ်​နှ​လုံး၏​အ​ကြံ​အ​စည်​သည် ရှေ့​တော်၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်​ကို​ရွေး​နုတ်​တော်​မူ​သော​ဘု​ရား။

ငါ့​စိတ်​နှ​လုံး​သည် မင်္ဂ​လာ​စ​ကား​နှင့် ပွက်​ထ​လျက်​ရှိ၍၊ ငါ​စီ​ရင်​သော​အ​ရာ​ကို ရှင်​ဘု​ရင်​ရှေ့​တော်၌ မြွက်​ဆို​ပေ​အံ့။ ငါ့​လျှာ​သည်​လည်း လိ​မ္မာ​ကျွမ်း​ကျင်​သော စာ​ရေး၏​က​ညစ်​ဖြစ်​ရ၏။

သ​ဘော​ကောက်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

လူ​သည် ပြန်​ပြော​သော​စ​ကား​အား​ဖြင့် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ချိန်​တန်၍ ပြော​သော​စ​ကား​သည်​လည်း အ​လွန်​လျောက်​ပတ်​ပေ၏။

မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။

မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ