Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:25

Judson Bible

မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​သည် သား​မ​ဖွား​သော​မိန်း​မ​ကို ညှဉ်း​ဆဲ​တတ်၏။ မု​ဆိုး​မ​ကို​လည်း ကျေး​ဇူး​မ​ပြု​တတ်။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​မြတ်​တော်​မူ​သော်​လည်း၊ စိတ်​နှိမ့်​ချ​သော သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ စိတ်​မြင့်​သော သူ​တို့​ကို​ကား၊ အ​ဝေး​က​သိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဧည့်​သည်​တို့​ကို စောင့်​မ​တော်​မူ၍၊ မု​ဆိုး​မ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို ထောက်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏​လမ်း​ကို​ကား၊ ကွေ့​ကောက်​စေ​တော်​မူ၏။

အား​ကြီး​သော​အ​ချင်း​လူ၊ သင်​သည်​သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​အ​မှု၌ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​သည် အ​စဉ်​မ​ပြတ်​တည်၏။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် သင့်​ကို အ​စဉ်​အ​မြဲ ချိုး​ဖျက်​ပယ်​ရှင်း​လျက်၊ သင်၏​နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​ထဲ​က နုတ်​ပစ်​တော်​မူ​မည်။

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​ပျောက်​ပျက်​ခြင်း၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​မူ​ကား၊ အ​မြဲ​တည်​ခြင်း ရှိ​တတ်၏။

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။

မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

အ​ရင်​စိုက်​သော မြေ​မှတ်​တိုင်​ကို မ​ရွှေ့​နှင့်။ မိ​ဘ​မ​ရှိ​သော​သူ​တို့၏ လယ်​ကို​မ​သိမ်း​နှင့်။

ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​ကာ​လ​သည် ကြီး​မြင့်​သော​အ​ရာ​နှင့် မို​မောက်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဆီး​တား၍၊ သူ​တို့​သည် နှိမ့်​ချ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။

မာန်​မာ​န​စိတ်​နှင့် ထောင်​လွှား​စော်​ကား​ခြင်း ရှိ​သော​အ​ခါ၊ ဘုန်း​တန်​ခိုး​ကွယ်​ပျောက်၍ နန်း​တော်​မှ​ကျ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ