သုတ္တံကျမ်း။ 14:3Judson Bibleမိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ အခန်းကိုကြည့်ပါ။ |
သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း သိခြင်းငှာ ငါအလိုရှိ၏။
ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။