Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 14:2

Judson Bible

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။

ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်၏​ကျွန် အ​ကျွန်ုပ်၏​အ​ဘ​ဒါ​ဝိဒ်​သည် ရှေ့​တော်၌ သ​ဘော​ဖြောင့်၍ သ​မ္မာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​အ​တိုင်း ကျင့်​သည်​နှင့်​အ​ညီ၊ သူ၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ယ​နေ့​တွင်​ရှိ​သည်​အ​တိုင်း၊ သူ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​သား​ကို သူ့​အား ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ့​အ​ဖို့ ကျေး​ဇူး​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။

ယ​နေ့​တိုင်​အောင် ရှေး​ထုံး​စံ​ဓ​လေ့​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ရာ​မ​ရောက်။ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်။ ဣ​သ​ရေ​လ​အ​မည်​ဖြင့်​သ​မုတ်​သော ယာ​ကုပ်​အ​မျိုး​သား​တို့၌ ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တို့​ကို​မ​ကျင့်​ဘဲ​နေ​ကြ၏။

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။

လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့၌ အ​လွန်​မွေ့​လျော်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ကိုယ်​တော်​ကို​မျှော်​လင့်​လျက်​နေ​ပါ​သည်​ဖြစ်၍၊ အ​ပြစ်​ကင်း​ခြင်း​နှင့် သ​ဘော​ဖြောင့်​ခြင်း​သည် အ​ကျွန်ုပ်​ကို စောင့်​ရှောက်​ပါ​စေ​သော။

ပ​ညာ​မဲ့​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား၊ တိတ်​ဆိတ်​စွာ နေ​တတ်၏။

ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​အား​ဖြင့် အ​ပြစ်​ပြေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​အား​ဖြင့် ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။

ကောက်​လိမ်​သော စ​ကား​ကို သုံး​တတ်​သော​လူ​မိုက်​ထက်၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော ဆင်း​ရဲ​သူ​သည် သာ၍​ကောင်း၏။

ဖြောင့်​သော​လမ်း​သို့ မ​လိုက်၊ ကောက်​သော​လမ်း​သို့​သာ လိုက်​သော​သူ​တို့၏​လက်​မှ​လည်း​ကောင်း၊

မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။

သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။-

ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။-

လူ​အ​မျိုး​မျိုး​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ တ​ရား​သ​ဖြင့် ကျင့်​ဆောင်​သော​သူ​သည် အ​ထံ​တော်၌ မျက်​နှာ​ရ​သည်​ကို ငါ​သိ​မြင်၏။-

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ