Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 13:5

Judson Bible

ဖြောင့်​မတ်​သော​သူ​သည် မု​သား​စ​ကား​ကို​မုန်း​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ စက်​ဆုပ်​ဖွယ်​ဖြစ်၍၊ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မု​သား​စ​ကား​ကို ကြား​ပြင်း​ရွံ​ရှာ​ပါ၏။ တ​ရား​တော်​ကို​ကား နှစ်​သက်​ပါ၏။

ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။

မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။

ပ​ညာ​ရှိ​သော​သူ​တို့​သည် ဘုန်း​အ​သ​ရေ​ကို​အ​မွေ​ခံ​ရ၍၊ မိုက်​သော​သူ​တို့​မူ​ကား၊ အ​ရှက်​ကွဲ​ခြင်း​ကို ထမ်း​သွား​ရ​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​မှ အ​န​တ္တ​နှင့် မု​သား​ကို​ပယ်​တော်​မူ​ပါ။ ဆင်း​ရဲ​ခြင်း​နှင့် ငွေ​ရ​တတ်​ခြင်း​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို​သာ ပေး​တော်​မူ​ပါ။

ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊

ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။

သင်​တို့ ညစ်​ညူး​သော ကျင့်​ကြံ​ပြု​မူ​ရာ​အ​မှု​ရှိ​သ​မျှ​တို့​ကို ထို​ပြည်၌ အောက်​မေ့၍၊ ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

ထို​အ​ခါ သင်​တို့​သည် ကိုယ်​ကျင့်​ဖူး​သော အ​ကျင့်​ဆိုး​နှင့် မ​ကောင်း​သော​အ​မှု​တို့​ကို အောက်​မေ့၍၊ ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။

သိုး​ထိန်း​သုံး​ယောက်​ကို​လည်း တစ်​လ​တွင် ငါ​ပယ်​ဖြတ်၏။ သူ​တို့​ကြောင့် ငါ့​စိတ်​ငြီး​ငွေ့၏။ သူ​တို့​သည်​လည်း ငါ့​ကို ရွံ​ရှာ​ကြ၏။

ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။-

အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

သူ​က၊ မ​သုံး​ဖူး​သော​ကြိုး​သစ်​နှင့် ကျပ်​ကျပ်​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ