Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 13:4

Judson Bible

ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌​ပင် ဣ​ဇာက်​ကျွန်​တို့​သည်​လာ၍၊ မိ​မိ​တို့​တူး​သော​တွင်း၌ ရေ​တွေ့​ကြောင်း​ကို​ပြော​ဆို​ကြ​လျှင်၊

အ​သက်​ကြီး​သော​ကာ​လ​တွင်​ပင်၊ အ​သီး​ကို​သီး၍ ကြွယ်​ဝ​စိမ်း​လန်း​ကြ​လိမ့်​မည်။

ပျင်း​ရိ​သော​သူ​သည် ဆင်း​ရဲ​ခြင်း၊ လုံ့​လ​ဝိ​ရိ​ယ​ရှိ​သော​သူ​သည် ကြွယ်​ဝ​ခြင်း​သို့​ရောက်​တတ်၏။

စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

မိ​မိ​လယ်​ယာ​ကို လုပ်​သော​သူ​သည် ဝ​စွာ​စား​ရ၏။ အ​ချည်း​နှီး​သော​အ​မှု​ကို စောင့်​သော​သူ​မူ​ကား၊ ဉာဏ်​ချို့​တဲ့၏။

လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​သည် အ​စိုး​ရ​တတ်၏။ ပျင်း​ရိ​သော​သူ​မူ​ကား၊ အ​ခွန်​ပေး​ရ၏။

ပျင်း​ရိ​သော​သူ​သည် မု​ဆိုး​လုပ်​သော်​လည်း၊ ဖမ်း​ရ​သော​အ​ကောင်​ကို ကင်၍​မ​စား​ရ။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ အ​ဖိုး​ထိုက်​ပေ၏။

မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။

ဖြောင့်​မတ်​သော​သူ​သည် မု​သား​စ​ကား​ကို​မုန်း​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ စက်​ဆုပ်​ဖွယ်​ဖြစ်၍၊ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​တတ်၏။

ချမ်း​သော​ကြောင့် ပျင်း​ရိ​သော​သူ​သည် လယ်​မ​လုပ်​လို။ ထို​ကြောင့် စ​ပါး​ရိတ်​သော​ကာ​လ၌ သူ​တစ်​ပါး​ကို တောင်း​သော်​လည်း မ​ရ​ရာ။

ပျင်း​ရိ​သော​သူ​သည် အ​လုပ်​မ​လုပ်​ချင်​သော​ကြောင့်၊ မိ​မိ​တပ်​မက်​သော​အား​ဖြင့် သေ​တတ်၏။

လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏ အ​ကြံ​အ​စည်​သည် ကြွယ်​ဝ​ခြင်း​နှင့်​လည်း​ကောင်း၊ သ​မ္မာ​သ​တိ​မ​ရှိ​သော​သူ၏ အ​ကြံ​အ​စည်​သည် ဆင်း​ရဲ​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​ပေ၏။

ပျင်း​ရိ​သော​သူ၏​လယ်​ယာ​အ​နား​နှင့်၊ ဉာဏ်​မ​ရှိ​သော​သူ၏ စ​ပျစ်​ဥ​ယျာဉ်​အ​နား​မှာ ငါ​လျှောက်​သွား​စဉ်၊

ဆူး​ပင်​များ​ပြား၍၊ မြေ​တစ်​ပြင်​လုံး၌ ဆူး​လေ​ပင်​အ​နှံ့​အ​ပြား​လွှမ်း​မိုး​လျက်၊ ကျောက်​ရိုး​ပြို​လျက်​ရှိ​သည်​ကို၊

ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​တို့၌ ခြင်္သေ့​ရှိ၏​ဟု ဆို​တတ်၏။

စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။

အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။

ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။

ကျွန်​မ​သည် အ​ဝတ်​ကို​ချွတ်​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဝတ်​ပြန်​ရ​မည်​နည်း။ ခြေ​ကို​လည်း​ဆေး​ပါ​ပြီ။ တစ်​ဖန်​ညစ်​အောင် အ​ဘယ်​ကြောင့် ပြု​ရ​ပါ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​စဉ် ပဲ့​ပြင်​တော်​မူ​မည်။ အ​စာ​ခေါင်း​ပါး​သည် ကာ​လ၌ ဝ​စွာ​ကျွေး၍၊ သင်၏​အ​ရိုး​တို့​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ သင်​သည် ရေ​လောင်း​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ပြတ်​နိုင်​သော စမ်း​ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

ယာ​ကုပ်​အ​မျိုး​မြေ​မှုန့်​ကို အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​လေး​စု​တစ်​စု​ကို​မျှ အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သေ​သ​ကဲ့​သို့ ငါ​သေ​ပါ​စေ​သော။ ငါ့​အ​ဆုံး​သည် သူ၏​အ​ဆုံး​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု မြွက်​ဆို၏။

မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ရှိ​သ​မျှ​သည် ပျင်း​ရိ​ခြင်း​နှင့် ကင်း​လွတ်၍၊ ယုံ​ကြည်​ခြင်း​နှင့် သည်း​ခံ​ခြင်း​အား​ဖြင့် က​တိ​တော်​တို့​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​နည်း​တူ ကျင့်​နိုင်​မည်​အ​ကြောင်း၊ ထို​သို့​သော လုံ့​လ​ဝိ​ရိ​ယ​ကို ထုတ်၍၊ အ​ဆုံး​တိုင်​အောင် ယုံ​မှား​ခြင်း​နှင့် ကင်း​သော မျှော်​လ​င့်​ခြင်း​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​တို့​သည် အ​လို​ရှိ​ကြ၏။

ယော​ရှု​ထံ​သို့ ပြန်​လာ၍၊ ဤ​လူ​တို့​ကို အ​ကုန်​အ​စင် မ​သွား​ပါ​စေ​နှင့်။ လူ​နှစ်​ထောင် သုံး​ထောင်​လောက်​သွား၍ အာ​ဣ​မြို့​ကို လုပ်​ကြံ​ပါ​စေ။ ထို​မြို့​သို့ သွား​ရာ​တွင် ဤ​လူ​အ​ပေါင်း​တို့​ကို မ​ပင်​ပန်း​ပါ​စေ​နှင့်။ မြို့​သား​တို့​သည်​မ​များ​ပါ​ဟု လျှောက်​သည်​နှင့်​အ​ညီ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ