Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 11:23

Judson Bible

ဖြောင့်​မတ်​သော​သူ​သည် မြတ်​သော​အ​ရာ​ကို​သာ တောင့်​တ​တတ်၏။ မ​တ​ရား​သော​သူ မျှော်​လင့်​သော​အ​ရာ​မူ​ကား၊ ဒေါ​သ​အ​မျက်​နှင့် ဆိုင်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။

ဖြောင့်​မတ်​သော​သူ၏​မျှော်​လင့်​ခြင်း​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ဖြစ်၏။ ဆိုး​သော​သူ၏​မျှော်​လင့်​ခြင်း​မူ​ကား ပျောက်​ပျက်​လိမ့်​မည်။

စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။

ဆိုး​သော​သူ​သည် သေ​သော​အ​ခါ မျှော်​လင့်​ခြင်း​ပျက်​တတ်၏။ မ​တ​ရား​သော​သူ၏ တောင့်​တ​ခြင်း​လည်း ပျက်​တတ်၏။

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

လူ​သည် မိ​မိ​နှုတ်၏​အ​သီး​တည်း​ဟူ​သော ကောင်း​သော​အ​ရာ​ကို စား​ရ၏။ ပြစ်​မှား​တတ်​သော​သူ​မူ​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်၏ အ​သီး​ကို​စား​ရ၏။

ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။

အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​သော ဆ​ရာ၏​အ​ရာ​ကို မ​ရှောင်​ပါ။ အ​မင်္ဂ​လာ​နေ့​ကို မ​တောင့်​တ​ပါ။ အ​ကျွန်ုပ်​ဟော​ပြော​ချက်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ကိုယ်​တော်​မျက်​မှောက်၌ ရှိ​ပါ၏။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဟု ကြောက်​မက်​ဖွယ်​သော မျှော်​လ​င့်​ရ​သော​အ​ကြောင်း၊ ငြင်း​ဆန်​သော သူ​တို့​ကို ဖျက်​ဆီး​ဖို့​ရာ အ​မျက်​တော် မီး​လောင်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ