သမ္မာသတိမရှိ၊ အဆင်းလှသောမိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဖွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်းထည့်ပြီးလျှင်၊
လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။
သီလရှိသောမိန်းမသည် မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ ဖြစ်၏။
ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
ပြည့်တန်ဆာအဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။
ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။