Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:4

Judson Bible

ပျင်း​ရိ​သော​သူ​သည် ဆင်း​ရဲ​ခြင်း၊ လုံ့​လ​ဝိ​ရိ​ယ​ရှိ​သော​သူ​သည် ကြွယ်​ဝ​ခြင်း​သို့​ရောက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌​ပင် ဣ​ဇာက်​ကျွန်​တို့​သည်​လာ၍၊ မိ​မိ​တို့​တူး​သော​တွင်း၌ ရေ​တွေ့​ကြောင်း​ကို​ပြော​ဆို​ကြ​လျှင်၊

အ​သီး​သီး​သော​အ​ချိန်၌ သိမ်း​ယူ​သော​သူ​သည် ပ​ညာ​ရှိ​သော​သား​ဖြစ်၏။ စ​ပါး​ရိတ်​ရာ​ကာ​လ၌ အိပ်​တတ်​သော​သူ​မူ​ကား၊ အ​ရှက်​ခွဲ​တတ်​သော​သား​ဖြစ်၏။

စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။

လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​သည် အ​စိုး​ရ​တတ်၏။ ပျင်း​ရိ​သော​သူ​မူ​ကား၊ အ​ခွန်​ပေး​ရ၏။

ပျင်း​ရိ​သော​သူ​သည် မု​ဆိုး​လုပ်​သော်​လည်း၊ ဖမ်း​ရ​သော​အ​ကောင်​ကို ကင်၍​မ​စား​ရ။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ အ​ဖိုး​ထိုက်​ပေ၏။

ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။

အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။

ပျင်း​ရိ​သော​သ​ဘော​သည် လွန်​ကျူး​စွာ အိပ်​ပျော်​စေ၍၊ ပျင်း​ရိ​သော​သူ​သည် အ​ငတ်​ခံ​ရ၏။

ပျင်း​ရိ​သော​သူ​သည် မိ​မိ​လက်​ကို အိုး၌​သွင်း​သော်​လည်း တစ်​ဖန်​နုတ်၍ မိ​မိ​ပါး​စပ်​သို့ မ​ခွံ့​လို။

ဆင်း​ရဲ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဖြစ်၍၊ အိပ်​ခြင်း​ကို မ​တပ်​မက်​နှင့်။ နိုး​တတ်​လျှင် ဝ​စွာ​စား​ရ၏။

ချမ်း​သော​ကြောင့် ပျင်း​ရိ​သော​သူ​သည် လယ်​မ​လုပ်​လို။ ထို​ကြောင့် စ​ပါး​ရိတ်​သော​ကာ​လ၌ သူ​တစ်​ပါး​ကို တောင်း​သော်​လည်း မ​ရ​ရာ။

လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏ အ​ကြံ​အ​စည်​သည် ကြွယ်​ဝ​ခြင်း​နှင့်​လည်း​ကောင်း၊ သ​မ္မာ​သ​တိ​မ​ရှိ​သော​သူ၏ အ​ကြံ​အ​စည်​သည် ဆင်း​ရဲ​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​ပေ၏။

အ​လွန်​ပျင်း​ရိ​ခြင်း​အား​ဖြင့် အိမ်​သည်​ဆွေး​မြေ့​တတ်၏။ လက်​နှင့် မ​ပြု​ပြင်​ဘဲ​နေ​လျှင် အိမ်​မိုး​ယို​တတ်၏။

မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ