Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:3

Judson Bible

ဖြောင့်​မတ်​သော​သူ​ကို ငတ်၍​သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။ မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ကား ဖျက်​ဆီး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

စား​စ​ရာ​ကို ရှာ၍ လှည့်​လည်​ရ၏။ မိ​မိ​အ​ဖို့ မှောင်​မိုက်​ကာ​လ​သည် အ​သင့်​ရှိ​သည်​ကို သိ၏။

သူ၏​အိမ်၌​ရှိ​သော ဥ​စ္စာ​သည် ကွယ်​ပျောက်၍၊ အ​မျက်​တော် ထွက်​သော​နေ့၌ ရေ​ကဲ့​သို့​စီး​သွား​လိမ့်​မည်။

အ​စာ​ခေါင်း​ပါး​သော​အ​ခါ သေ​ဘေး​မှ​လည်း​ကောင်း၊ စစ်​တိုက်​သော​အ​ခါ ဓား​ဘေး​မှ​လည်း​ကောင်း၊ သင့်​ကို ရွေး​နုတ်​တော်​မူ​လိမ့်​မည်။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

မ​တ​ရား​သော​သူ​တို့​သည် မြင်၍၊ နာ​ကြင်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။ အံ​သွား​ခဲ​ကြိတ်၍ ပိန်​ချုံး​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏​အ​လို​သည် ပျက်​စီး​ရ​လိမ့်​မည်။

သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။

သူ​တို့​သည် ခဲ​ယဉ်း​သော​ကာ​လ၌ မျက်​နှာ​မ​ပျက်၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ ဝ​စွာ​စား​ရ​ကြ၏။

ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

ဖြောင့်​မတ်​သော​သူ​သည် ဝ​စွာ​စား​ရ​သော အ​ခွင့်​ရှိ၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မွတ်​သိပ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။

စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။

တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။

ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။

ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ