Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:15

Judson Bible

ငွေ​ရ​တတ်​သော​သူ၏​စည်း​စိမ်​သည် သူ၏​ခိုင်​ခံ့​သော​မြို့​ဖြစ်၏။ ဆင်း​ရဲ​သား​တို့၏​ဆင်း​ရဲ​ခြင်း​မူ​ကား၊ သူ​တို့၏ အ​ကျိုး​နည်း​ကြောင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ကိုယ်​ဥ​စ္စာ​ကို ကိုး​စား၍၊ ကိုယ်​စည်း​စိမ်​များ​သော​ကြောင့် ဝါ​ကြွား​သော်​လည်း၊

ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။

ဆင်း​ရဲ​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​မုန်း​ခြင်း​ကို​ပင် ခံ​ရ​မည်။ ငွေ​ရ​တတ်​သော​သူ၌​မူ​ကား၊ များ​စွာ​သော အ​ဆွေ​ခင်​ပွန်း​ရှိ​လိမ့်​မည်။

ငွေ​ရ​တတ်​သော​သူ​က၊ ငါ့​စည်း​စိမ်​သည် ခိုင်​ခံ့​သော​မြို့ ဖြစ်၏။ မြင့်​သော​မြို့​ရိုး​နှင့် တူ​သည်​ဟု ထင်​တတ်၏။

ဆင်း​ရဲ​သော​သူ၏ ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​သည် သူ့​ကို​မုန်း​တတ်​ကြ၏။ သူ၏​အ​ဆွေ​ခင်​ပွန်း​တို့​သည် သူ့​ကို​သာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ လိုက်၍​ခေါ်​သော်​လည်း ကွယ်​ပျောက်​ကြ​ပြီ။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။

တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-

ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ