ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဖို့မူကား ကြိမ်လုံးရှိ၏။
သူသည် သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့် ဆွဲရမည်။
ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသောစကားကို ပြောဆိုတတ်၏။
ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုးသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင်ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။
ဖြောင့်မတ်သောသူ၏နှုတ်မှ ပညာစကား ထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား၊ အဖြတ်ခံရလိမ့်မည်။
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကို တိုးပွားစေတတ်၏။
မိုက်သောသူသည် ဒဏ်ချက်တစ်ရာကို အမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍ အမှုထားတတ်၏။
မထီမဲ့မြင်ပြုသောသူတို့အဖို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ကျောအဖို့ ဒဏ်ပေးခြင်းသည် အသင့်ရှိ၏။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။
မြင်းဖို့နှင်တံ၊ မြည်းဖို့ဇက်ကြိုး၊ မိုက်သောသူ၏ကျောဖို့ ကြိမ်လုံးသည် သင့်ပေ၏။
မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
နွားသည် အသေခံရာသို့လိုက်သကဲ့သို့လည်းကောင်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြားမထိုးမီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့လည်းကောင်း၊
ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။
ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။-