Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 9:7

Judson Bible

အာ​ရုန်​အား​လည်း၊ သင်​သည်​ယဇ်​ပ​လ္လင်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ သင်​နှင့်​လူ​များ​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ လူ​များ​ဆောင်​ယူ​ခဲ့​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ပူ​ဇော်၍၊ သူ​တို့​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့​ဟူ၍​လည်း​ကောင်း​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န၌ ကိုယ်​ကို​ရေ​ချိုး၍၊ မိ​မိ​အ​ဝတ်​ကို​ဝတ်​ပြီး​မှ တစ်​ဖန်​ထွက်​လာ၍၊ မိ​မိ​မီး​ရှို့​ရာ​ယဇ်၊ လူ​များ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ မိ​မိ​အ​ဖို့​နှင့် လူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။

အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

ယ​နေ့​ပြု​သည်​အ​တိုင်း သင်​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ။

အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။

လူ​တို့​တွင်​ရွေး​ကောက်​သော ယဇ်​ပု​ရော​ဟိတ်​မင်း မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ လူ​တို့​အ​တွက် ဘု​ရား​ဝတ်​ပြု​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​သူ ဖြစ်၏။-

ထို​အ​ကြောင်း​ကြောင့်​လည်း၊ လူ​များ​အ​ပြစ်​နှင့် မိ​မိ​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ပူ​ဇော်​ရ၏။-

ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။-

ထို​ကြောင့် ဧ​လိ၏​အိမ်​သား​တို့ အ​ပြစ်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​အား​ဖြင့် မ​ဖြေ၊ အ​စဉ်​အ​မြဲ တည်​ရ​မည်​အ​ကြောင်း သူ​တို့​အား ငါ​ကျိန်​ဆို​ပြီ​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ