အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားသငယ်ကို သတ်လေ၏။
အာရုန်က၊ ယနေ့သူတို့သည် လူများတို့အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ်၌ ထိုသို့သောအမှုရောက်သည်တွင်၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကိုစားမိလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။