Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 5:5

Judson Bible

ထို​သို့​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​လျှင်၊ ထို​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​က​လည်း၊ ငါ​သည် ပြစ်​မှား​ပါ​ပြီ။ မှန်​သော​တ​ရား​ကို မှောက်​ပါ​ပြီ။ သို့​သော်​လည်း ကိုယ်​ခံ​ထိုက်​သော အ​ပြစ်​ကို​မ​ခံ​ရ​ဘဲ၊

တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊

အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။

သို့​ရာ​တွင် သူ​တို့​သည်​ငါ့​ကို​ပြစ်​မှား၍၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့်၊

ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​သည် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထို​အ​ပြစ်​ကို ဖော်​ပြ၍​တောင်း​ပန်​ရ​မည်။ ပြစ်​မှား​သော​အ​တွက်၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ပြစ်​မှား​ခံ​သော​သူ​အား​ပေး​ရ​မည်။

ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-

ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ