Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 5:1

Judson Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​ခေါင်း​ကို လွှမ်း​မိုး၍၊ လေး​သော​ဝန်​ကဲ့​သို့ အ​ကျွန်ုပ်​မ​ထမ်း​နိုင်​အောင် လေး​ကြ​ပါ၏။

အပ်​နှံ​ခံ​သော​သူ​သည် ငါ့​အိမ်​နီး​ချင်း​၏​ဥ​စ္စာ​ကို ငါ​မ​ယူ​ဟု နှစ်​ဦး​သ​ဘော​တူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အ​ကျိန်​ခံ​ရ​လျှင်၊ ဥ​စ္စာ​ရှင်​သည် ဝန်​ခံ​ရ​မည်။ အပ်​နှံ​ခံ​သူ​လည်း မ​လျော်​ရ။

သူ​ခိုး​ကို လက်​ခံ​သော​သူ​သည် မိ​မိ​အ​သက်​ကို မုန်း​တတ်၏။ ကျိန်​ဆို​ခြင်း​ကို ပြု​သော်​လည်း၊ အ​မှု​ကို မ​ဖော်​မ​ပြ​တတ်။

သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

မိ​မိ​စိတ်​ဝိ​ညာဉ်​ခံ​ရ​သော ဝေ​ဒ​နာ၏​အ​ကျိုး​ကို မိ​မိ​မြင်၍ အား​ရ​လိမ့်​မည်။ ထို​ဖြောင့်​မတ်​သော ငါ၏​ကျွန်​ကို​သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ သူ​သည် အ​များ​သော​သူ​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​လိမ့်​မည်။ သူ​တို့၏​အ​ပြစ်​ကို ကိုယ်​တိုင်​ဆောင်​ရွက်​ရ၏။

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​သည် တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ ထို​သူ​တို့​ကြောင့် တစ်​ပြည်​လုံး မြည်​တမ်း​ရ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​သည် သွေ့​ခြောက်​ကြ၏။ ပြည်​သား​များ​လိုက်​သော​လမ်း​သည် မ​ဖြောင့်၊ သူ​တို့​အ​စွမ်း​သ​တ္တိ​သည် တ​ရား​ဘက်၌ မ​နေ​တတ်။

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။

အ​ဝတ်​ကို​မ​လျှော် ရေ​မ​ချိုး​လျှင်၊ ကိုယ်​အ​ပြစ်​ကို​ကိုယ်​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညတ်​တော်​မူ၏။

စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

ယောက်ျား​သည် အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​ဖြစ်​သော မိ​မိ​နှ​မ​နှင့်​သင့်​နေ​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ ထို​သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​ရှေ့​မှောက်၌ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ ထို​ယောက်ျား​သည် နှ​မ​နှင့်​သင့်​နေ​သော​ကြောင့်၊ မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ပြစ်​မှား​မိ​လျှင်၊ ကိုယ်​ပြစ်​မှား​မှန်း​ကို​မ​သိ​သော်​လည်း၊ အ​ပြစ်​ရောက်၍၊ ထို​အ​ပြစ်​ကို​ခံ​ရ​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

ညစ်​ညူး​ခြင်း​မ​ရှိ၊ အ​ခြား​တစ်​ပါး​သို့ ခ​ရီး​မ​သွား​သော​သူ​သည် ပ​သ​ခါ​ပွဲ​ကို မ​ခံ​ဘဲ​နေ​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​မ​ဆောင်​ခဲ့​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

သူ​သည် အ​မိ​အား၊ အို​အ​မေ၊ ပျောက်​သော​ငွေ၊ အ​ကျွန်ုပ်​ရှေ့​မှာ ကျိန်​ဆဲ​သော​စ​ကား​ကို​ပြော​သော ငွေ​ဆယ်​တစ်​ပိဿာ​သည် အ​ကျွန်ုပ်၌ ရှိ​ပါ၏။ အ​ကျွန်ုပ်​ယူ​မိ​ပြီ​ဟု ဆို​သော်၊ အ​မိ​က၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ