Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 27:2

Judson Bible

လူ​သည်​သ​စ္စာ​က​တိ​ပြု၍​ပူ​ဇော်​လျှင်၊ ပူ​ဇော်​အပ်​သော​သူ​သည်၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော် ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​သိ​အ​ကျွမ်း လှူ​သည်​အ​တိုင်း​ခံ​ယူ၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ရှိ​သ​မျှ​တို့​ကို ပြု​ပြင်​ကြ​စေ​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား မိန့်​တော်​မူ၏။

အ​မှု​များ​သော​အား​ဖြင့် အိပ်​မက်​မြင်​တတ်​သ​ကဲ့​သို့၊ စ​ကား​များ​သော​အား​ဖြင့် မိုက်​သော​သူ၏​အ​သံ​ကို ကြား​ရ၏။

တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ဣ​သ​ရေ​လ​အ​မျိုး​က​လည်း၊ ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို အ​ကျွန်ုပ်​တို့​လက်​သို့ အပ်​တော်​မူ​လျှင်၊ သူ​တို့​မြို့​များ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​လေ၏။

မိန်း​မ​သည် အ​ဘ​အိမ်၌​အ​သက်​ငယ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊

သင်​သည် အိမ်​နီး​ချင်း၏ စ​ပျစ်​ဥ​ယျာဉ်​ထဲ​သို့ ဝင်​သော​အ​ခါ၊ အ​လို​အ​လျောက် စ​ပျစ်​သီး​ကို ဝ​စွာ​စား​ရ​သော်​လည်း မ​သိမ်း​မ​ယူ​ရ။

နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။

ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ