ဝတ်ပြု 24:6Judson Bibleထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကိုထပ်ဆင့်၍၊ တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဉ့်ဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကိုလည်းကောင်း၊ ညဉ့်ဦးတိုင်းထွန်းစရာဖို့ ရွှေမီးခုံနှင့် မီးခွက်တို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။
မြဲသောဘောဇဥ်ပူဇော်သကာ၊ မြဲသောမီးရှို့ရာယဇ်၊ ဓမ္မပွဲ၊ သန့်ရှင်းသောအသုံးအဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအလုံးစုံကို ဆောင်ရွက်စရာဖို့၊ လူတိုင်းတစ်နှစ်လျှင် ငွေတစ်ကျပ်သုံးစုတစ်စုစီ ပေးရမည်အကြောင်း ကိုယ်အဖို့ စီရင်ထုံးဖွဲ့ကြ၏။
ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာ ထင်းပူဇော်သကာကို၊ တစ်နှစ်တစ်နှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ဘုရားသခင်၏ အိမ်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသား ပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။