Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 24:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော အောက်​မေ့​တော်​မူ​ဖို့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ထို​မုန့်​နှစ်​ပုံ​ပေါ်​မှာ စင်​ကြယ်​သော​လော​ဗန်​ကို တင်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မိုး​တိမ်၌ သက်​တံ​ရှိ​သည်​ကို ငါ​ကြည့်​ရှု​သ​ဖြင့်၊ ဘု​ရား​သ​ခင်​နှင့် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ စပ်​ကြား​မှာ​ရှိ​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​အောက်​မေ့​မည်။

ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည်၊ သင်၏​နှုတ်၌​တည်​မည်​အ​ကြောင်း၊ ဤ​အ​ရာ​သည် သင်၏​လက်​၌​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ အောက်​မေ့​ဖို့​ရာ​ဖြစ်​ရ​မည်။ အား​ကြီး​သော​လက်​တော်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​မှု​ကို​အောက်​မေ့​စ​ရာ​ဖို့ စာ​ရေး​ထား၍ ယော​ရှု​အား​ဖတ်​ရွတ်​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ အာ​မ​လက်၏​အ​မှတ်​ရှိ​သ​မျှ​ကို ငါ​ပယ်​ရှင်း​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ တပ်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ သူ​တို့​နာ​မည်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​ပ​ခုံး​ပေါ်​မှာ ဆောင်​ရ​မည်။

မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။

ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊

အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​ကို​ယူ၍၊ ထို​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ထဲ​က အ​တွက်​အ​တာ​ကို​နှိုက်​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-

ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။

ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။-

ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ