Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 17:11

Judson Bible

အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်၏။ သင်​တို့​ပြု​သော​အ​ပြစ်​ကို ဖြေ​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​သင်​တို့​အား ယဇ်​ပ​လ္လင်​ပေါ်​မှာ ငါ​ပေး​ပြီ။ လူ​အ​ပြစ်​ကို​ဖြေ​သော​အ​ရာ​ကား၊ အ​သွေး​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ထို​နွား​ကို​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။

ထို​ကြောင့် သင်​တို့၌ အ​ဘယ်​သူ​မျှ အ​သွေး​ကို​မ​စား​ရ။ သင်​တို့​တွင် တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​လည်း အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။

အ​သွေး​သည် ခပ်​သိမ်း​သော​ကိုယ်​ခ​န္ဓာ အ​သက်​ရှင်​ရာ​အ​ကြောင်း​ဖြစ်၏။ ထို​ကြောင့် သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​ကိုယ်​ခ​န္ဓာ၏​အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။ ခပ်​သိမ်း​သော ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်​သော​ကြောင့်၊ အ​သွေး​ကို​စား​သော​သူ မည်​သည်​ကား၊ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပြု​သ​ကဲ့​သို့ ဆီ​ဥ​ရှိ​သ​မျှ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည် မင်း၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။

ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-

ကိုယ်​တော်​က​လည်း၊ ဤ​ခွက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့် ဆိုင်၍၊ လူ​များ​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-

ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ၍၊-

သို့​ဖြစ်၍ ယ​ခု​တွင် အ​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ပြီး​မှ၊ ထို​သ​ခင်​အား​ဖြင့် အ​ပြစ်​င​ရဲ​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု​သာ၍ မျှော်​လင့်​စ​ရာ​ရှိ၏။-

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-

သို့​ရာ​တွင်၊ အ​သွေး​ကို​မ​စား​မည်​အ​ကြောင်း၊ သ​တိ​ပြု​လော့။ အ​သက်​သည် အ​သွေး၌​တည်၏။ အ​သား​နှင့်​တ​ကွ အ​သက်​ကို​မ​စား​ရ။

ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။

လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။

ထို​သို့​နှင့်​အ​ညီ၊ ယေ​ရှု​သည် မိ​မိ​အ​သွေး​အား​ဖြင့် လူ​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ မြို့​တံ​ခါး​အ​ပြင်၌ အ​သေ​ခံ​တော်​မူ၏။-

ပ​ညတ်​တ​ရား​အ​တိုင်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကုန်​မ​တတ် အ​သွေး​အား​ဖြင့် စင်​ကြယ်​စေ​တတ်၏။ အ​သွေး​မ​သွန်း​လောင်း​ဘဲ အ​ပြစ်​လွှတ်​ခြင်း​မ​ရှိ။

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။-

သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ