ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တစ်ပါးအမျိုးသားလည်း အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ တစ်ပါးတည်းသောတရားနှင့်ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့်အာရုန်၌ ပညတ်ထားတော်မူ၏။
သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် အသွေးနှင့်တကွ အမဲသားကိုစားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။
ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ မုဆိုးလုပ်၍စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။
သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကိုမစားရဟု ထာဝရပညတ်တော်ဖြစ်သည်ဟု မိန့်တော်မူ၏။