Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 12:6

Judson Bible

သား​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် ကာ​လ​စေ့​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော သိုး​သူ​ငယ်​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ချိုး​က​လေး​တစ်​ကောင်၊ သို့​မ​ဟုတ် ခို​တစ်​ကောင်​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သုံး​နှစ်​အ​သက်​ရှိ​သော​နွား​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​ဆိတ်​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​သိုး​ထီး​တစ်​ကောင်၊ ချိုး​တစ်​ကောင်၊ ခို​သ​ငယ်​တစ်​ကောင်​တို့​ကို​ငါ​ဖို့​ယူ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို​ဖွား​မြင်​ပြီး​လျှင်၊ ဥ​တု​ရောက်၍ ခု​နစ်​ရက်​မ​စင်​ကြယ်​သ​ကဲ့​သို့ ခု​နစ်​ရက်​မ​စင်​ကြယ်​နေ​ရ​မည်။

သား​မိန်း​မ​ကို​ဖွား​မြင်​လျှင်၊ ဥ​တု​ရောက်​သ​ကဲ့​သို့ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မ​စင်​ကြယ်​နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နှင့် ဆိုင်​သော​အ​သွေး​ရှိ၍၊ အ​ရက်​ခြောက်​ဆယ်​ခြောက်​ရက်​ပတ်​လုံး နေ​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍၊ ထို​မိန်း​မ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည် အ​သွေး​သွန်​ခြင်း​အ​ပြစ်​မှ သန့်​ရှင်း​ရ​လိမ့်​မည်။

တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​လည်း​ကောင်း​ယူ၍၊

အ​ဋ္ဌ​မ​နေ့၌​လည်း၊ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။

အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

ထို​နောက် မော​ရှေ၏ ပ​ညတ်​တ​ရား​အ​တိုင်း စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​သော​အ​ခါ၊ မိ​ဘ​တို့​သည် သူ​ငယ်​ကို ယေ​ရှု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊-

နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ