Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 12:7

Judson Bible

ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍၊ ထို​မိန်း​မ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည် အ​သွေး​သွန်​ခြင်း​အ​ပြစ်​မှ သန့်​ရှင်း​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။

မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။

ပူ​ဇော်​သော​နွား​၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်​ရ​သ​ဖြင့်၊ သူ၏​အ​ပြစ်​ကို ဖြေ​မည်​အ​ကြောင်း လက်​ခံ​တော်​မူ​မည်။

သား​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် ကာ​လ​စေ့​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော သိုး​သူ​ငယ်​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ချိုး​က​လေး​တစ်​ကောင်၊ သို့​မ​ဟုတ် ခို​တစ်​ကောင်​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ရိ​နာ​စွဲ​သော​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​ကို​ပြု​သ​ကဲ့​သို့၊ ထို​နည်း​တူ ဤ​နွား​ကို​ပြု​သ​ဖြင့်၊ ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​တို့​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပြု​သ​ကဲ့​သို့ ဆီ​ဥ​ရှိ​သ​မျှ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည် မင်း၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင် သိုး​သ​ငယ်​ဆီ​ဥ​ကို​ပြု​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။-

လွန်​ခဲ့​ပြီး​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ​ရာ​တွင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​ခု​ကာ​လ၌ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ၍၊ ယေ​ရှု​ကို​ယုံ​ကြည်​သော သူ​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သော်​လည်း၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏​အ​သွေး​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ထို​ခ​ရစ်​တော်​ကို အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။-

ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ