ငါချစ်သောနှမ၊ ငါပျော်မွေ့ဖို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ဗာလပရောဖက် လေးရာငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက်လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊
သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင်ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။
တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင်ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကားသံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏မျက်နှာလည်း လှ၏။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန်ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူးသဖြင့် ကောင်းပေ၏။ သင်းထုံသော နံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
ငါချစ်သောနှမ၊ သင်သည် အပြစ်တစ်စုံတစ်ခုမျှ မရှိ။ တစ်ကိုယ်လုံးလှပေ၏။
ငါချစ်ရာသခင်သည် ငါ့ကို ဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။
သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့် တူကြ၏။
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။