Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 7:5

Judson Bible

သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က​လည်း၊ ငါ့​ကို​လွှတ်​ပါ၊ မိုး​လင်း​ဆဲ​ရှိ​ပြီ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။

အို ဘု​ရား​သ​ခင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ ကိုယ်​တော်​ကြွ​တော်​မူ​ခြင်း၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏ ရှင်​ဘု​ရင် ကြွ​တော်​မူ​ခြင်း​ကို မြင်​ရ​ကြ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​နေ​ရာ​အ​ပေါင်း​တို့​ထက် ဇိ​အုန်​တံ​ခါး​တို့​ကို သာ၍ နှစ်​သက်​တော်​မူ၏။

သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။

ငါ​တို့​ဗိ​မာန်​တိုင်​တို့​သည် အာ​ရဇ်​ပင်၊ အ​မိုး​သည် ထင်း​ရှူး​ပင်​ဖြင့် ပြီး​သ​တည်း။

သင်​သည် အ​ဆင်း​လှ​ပေ၏။ ငါ​ချစ်​သော​နှ​မ၊ အ​လွန်​လှ​ပေ၏။ ဗျာ​ပါ​ဆံ​ကြား​မှာ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။ ဆံ​ပင်​သည်​လည်း ဂိ​လဒ်​တောင်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။

လည်​ပင်း​သည်​လည်း၊ သူ​ရဲ​တို့​သာ သုံး​ဆောင်​တတ်​သော ဒိုင်း​လွှား​တစ်​ထောင် ဆွဲ​ထား​သော လက်​နက်​စုံ ဘ​ဏ္ဍာ​တိုက်​တည်း​ဟူ​သော ဒါ​ဝိဒ်​မင်း၏ ရဲ​တိုက်​နှင့်​တူ၏။

ဦး​ခေါင်း​တော်​သည် ရွှေ​စင်​နှင့်​တူ၏။ ဆံ​ပင်​တော်​သည် ထူ​ထပ်၍၊ ကျီး​အ​ဆင်း​ကဲ့​သို့​နက်၏။

အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။

ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

ဟေ​ရှ​ဘုန်​မြို့​ကား၊ မော​ဘ​ပြည်​ကို​အ​စိုး​ရ​သော အ​ရင်​ရှင်​ဘု​ရင်​နှင့် စစ်​တိုက်၍ အာ​နုန်​ချောင်း​တိုင်​အောင် ပြည်​ကို​လု​ယူ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​မင်း​နေ​သော​မြို့​ဖြစ်​သ​တည်း။

အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ င်​ရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

ခြေ​ဖ​ဝါး​တော်​အောက်​သို့ အ​လုံး​စုံ​တို့​ကို ချ​ထား​သ​ဖြင့်၊ အ​သင်း​တော်​အ​ဖို့​အ​လို​ငှာ၊ သူ့​ကို​အ​လုံး​စုံ​တို့၏ အ​ချုပ်​အ​ခြာ ဦး​ခေါင်း​ဖြစ်​စေ​တော်​မူ၏။-

အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။-

ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။

ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွှေး​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ