Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 4:7

Judson Bible

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ပြု​လျှင် သင်​လှ​သော​အ​ဆင်း​ကို ရှင်​ဘု​ရင်​သည် နှစ်​လို​စုံ​မက်​တော်​မူ​မည်။ သူ​သည် သင်၏​အ​ရှင်​ဖြစ်​သော​ကြောင့် သူ့​ကို​ကိုး​ကွယ်​လော့။

ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် အ​တွင်း၌ ဂုဏ်​အ​သ​ရေ​သက်​သက်​ရှိ၏။ ရွှေ​ဖြင့်​ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​ကို​ဆင်၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။

သင်​သည် အ​ဆင်း​လှ​ပေ၏။ ငါ​ချစ်​သော​နှ​မ၊ အ​လွန်​လှ​ပေ၏။ ဗျာ​ပါ​ဆံ​ကြား​မှာ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။ ဆံ​ပင်​သည်​လည်း ဂိ​လဒ်​တောင်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။

နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။

ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။

အို​ယာ​ကုပ်​အ​မျိုး၊ သင်​တို့၏​တဲ​များ၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့၏ ဘုံ​ဗိ​မာန်​များ​တို့​သည် အ​ဘယ်​မျှ​လောက် တင့်​တယ်​ကြ​သည်​တ​ကား။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အား ဟော​ပြော​သ​ဖြင့်၊ သင်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ မျှော်​လ​င့်​ခြင်း​မှ မ​ရွေ့​လျော့​ဘဲ၊ တိုက်​မြစ်​ကျ​ခြင်း၊ တည်​ကြည်​ခြင်း​နှင့်​တ​ကွ မြဲ​မြံ​စွာ​ယုံ​ကြည်​ကြ​လျှင်၊ သန့်​ရှင်း​စင်​ကြယ်​လျက် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​ရှိ​သော သင်​တို့​ကို ရှေ့​တော်၌ ဆက်​သ​မည်​အ​ကြောင်း​တည်း။

ထို​သို့ မျှော်​လ​င့်​ခြင်း​ရှိ​သော​ကြောင့်၊ ချစ်​သူ​တို့၊ သင်​တို့​သည် အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​ဘဲ၊ ရှေ့​တော်​သို့ ငြိမ်​ဝပ်​စွာ ရောက်​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။-

ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊-

သန့်​ရှင်း​သော​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့ သစ်​သည် မိ​မိ​ခင်​ပွန်း​ဖို့ တန်​ဆာ​ဆင်​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်၊ ဘု​ရား​သ​ခင် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ