ရှောလမုန်သီချင်း။ 4:6Judson Bibleမိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမီ၊ ငါသည်မုရန်တောင်နှင့် လောဗန်ကုန်းသို့ သွားမည်။ အခန်းကိုကြည့်ပါ။ |
မုရန်၊ လောဗန်အစရှိသော ကုန်သည်ရောင်းတတ်သော နံ့သာမှုန့်မျိုးကိုမီးရှို့၍၊ ထသော မီးခိုးတိုင်သဏ္ဌာန်ရှိလျက် တောထဲကလာသော ထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန်မင်း၏ ယာဉ်ပျံတော်ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားသူရဲ အခြွေအရံရှိကြ၏။
နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင်အောင် တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။ ခပ်သိမ်းသောအရပ်တို့၌ နံ့သာပေါင်းကို ငါ၏နာမတော်အားမီးရှို့၍၊ သန့်ရှင်းသော ပူဇော်သကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တစ်ပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။