Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 4:4

Judson Bible

လည်​ပင်း​သည်​လည်း၊ သူ​ရဲ​တို့​သာ သုံး​ဆောင်​တတ်​သော ဒိုင်း​လွှား​တစ်​ထောင် ဆွဲ​ထား​သော လက်​နက်​စုံ ဘ​ဏ္ဍာ​တိုက်​တည်း​ဟူ​သော ဒါ​ဝိဒ်​မင်း၏ ရဲ​တိုက်​နှင့်​တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။

ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို ကယ်​တင်​သော​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား၊ ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။

သူ့​နောက်​မှ၊ မိ​ဇ​ပါ​မြို့​အုပ် ယော​ရှု​သား ဧ​ဇေ​ရ​သည်၊ လက်​နက်​စုံ​တိုက်​သို့​တက်​ရာ တစ်​ဖက်​တစ်​ချက်၊ မြို့​ထောင့်​ထိ​အောင် ပြင်၏။

အ​ကျွန်ုပ်​တို့၏​သား​တို့​သည် အ​ရွယ်​ပျို​စဉ်​တွင်၊ ကြီး​ပွား​သော ပျိုး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သ​မီး​တို့​သည် ဘုံ​ဗိ​မာန်​နည်း​တူ ထု​သော တိုက်​ထောင့်​ကျောက်​တိုင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။

သင်၏​ပါး​သွယ်၌ မုတ်​ပု​တီး တန်​ဆာ​ဆင်​လျက်၊ လည်​ပင်း၌ ပု​လဲ​အ​သွယ်​သွယ်​ဆွဲ​လျက်၊ သင်​သည် တင့်​တယ်​လှ၏။

လည်​ပင်း​သည် ဆင်​စွယ်​ရဲ​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ မျက်​စိ​တို့​သည် ဟေ​ရှ​ဘုန်​မြို့၊ ဗာ​သ​ရ​ဗ္ဗိမ်​တံ​ခါး​နား​မှာ ရှိ​သော ရေ​ကန်​ကဲ့​သို့​လည်း​ကောင်း၊ နှာ​ခေါင်း​သည် ဒ​မာ​သက်​မြို့​သို့ မျက်​နှာ​ပြု​သော လေ​ဗ​နုန်​ရဲ​တိုက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။

သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။

ငါ​သည် မြို့​ရိုး​ဖြစ်၏။ ငါ့​သား​မြတ်​တို့​သည် ပြ​အိုး​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​ဖြစ်၍၊ ရှေ့​တော်၌ မျက်​နှာ​ရ​သော​ကျေး​ဇူး​ရှိ၏။

အို ဧ​ဒါ​လင့်​စင်၊ ဇိ​အုန်​သ​တို့​သ​မီး နေ​ရာ​ကုန်း၊ သင်​သည် အ​စိုး​ရ​လိမ့်​မည်။ အ​ရင်​တည်​သော အာ​ဏာ​တည်​ပြန်​လိမ့်​မည်။ နိုင်​ငံ​တော်​သည် ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​လက်​သို့ တစ်​ဖန်​ရောက်​လိမ့်​မည်။

ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ