နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။
ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည်အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝှေးနှင့်သာကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်းနှစ်စုဖြစ်ပါ၏။
အို အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုးကောင်းကင်သို့ မီပါ၏။
စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသောစကားကို ပြောဆိုတတ်၏။
ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူ၏။
ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဖို့မူကား ကြိမ်လုံးရှိ၏။
ပညာစကားကိုပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။
အိုယေရုရှလင်မြို့သမီးတို့၊ ငါသည် ကေဒတဲကဲ့သို့ မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့ တင့်တယ်သေး၏။
ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာ နို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်ကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
ပါးတော်တို့သည် နံ့သာတော၊ မွှေးကြိုင်သော ပန်းတောကဲ့သို့လည်းကောင်း၊ နှုတ်ခမ်းတော်တို့သည် ပကတိ မုရန်ဆီယိုသော နှင်းပွင့်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
နှုတ်တော်သည် အလွန်ချိုပေ၏။ တစ်ကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေ ဖြစ်တော်မူသတည်း။
နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက်နှင့် တူကြ၏။
သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့လည်းကောင်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဖို့ ဖြောင့်စွာစီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏နှုတ်ခမ်းသို့ အမှတ်တမဲ့ရောက်တတ်ပါ၏။
သင်ပြုဖူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေသောအခါ သင်သည်အောက်မေ့၍ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကိုမဖွင့်ဘဲနေရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
စင်ကြယ်စေခြင်းကိုခံရသော ထိုသူအဖို့၊ အသက်ရှင်၍စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊
အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသောရေ၌ နှစ်ပြီးလျှင်၊
ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကို ယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။
ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တစ်ဖန် တဟာရှသားရေနှင့်အုပ်ပြန်၍ ထမ်းပိုးတို့ကိုလျှိုထားရမည်။
ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။-
ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။-
ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။-
လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ။
တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သော ဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကိုလည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ဖျန်းလျက်၊-
ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခုလျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဖော်များအပေါင်းတို့ကို သင့်အိမ်၌ခေါ်ထားရမည်။