Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:3

Judson Bible

ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။

ဇာ​နှင့်​ကာ​လျက် ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​ခဲ့​ရ၏။ နောက်​လိုက်​သော အ​ပေါင်း​အ​ဖော် အ​ပျို​တော်​များ​ကို​လည်း၊ ကိုယ်​တော်​ထံ​သို့ သွင်း​ရ​လိမ့်​မည်။

မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။

ကောင်း​သော​အ​သ​ရေ​သည် နံ့​သာ​ဆီ​ထက် သာ၍​ကောင်း၏။ သေ​ရ​သော​နေ့​သည်​လည်း ဖွား​မြင်​သော​နေ့​ထက် သာ၍​ကောင်း၏။

မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။ ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။

ပါး​တော်​တို့​သည် နံ့​သာ​တော၊ မွှေး​ကြိုင်​သော ပန်း​တော​ကဲ့​သို့​လည်း​ကောင်း၊ နှုတ်​ခမ်း​တော်​တို့​သည် ပ​က​တိ မု​ရန်​ဆီ​ယို​သော နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

ငါ​ချစ်​ရာ​သ​ခင်​အား တံ​ခါး​ကို​ဖွင့်​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ငါ့​လက်​မှ မု​ရန်​ဆီ၊ ငါ့​လက်​ချောင်း​တို့​မှ ပ​က​တိ​မု​ရန်​ဆီ​သည် တံ​ခါး​ကျင်​တိုင်​ပေါ်​မှာ စက်​စက်​ကျ​လေ၏။

မိ​ဖု​ရား​ခြောက်​ကျိပ်၊ မောင်း​မ​မိဿံ​ရှစ်​ကျိပ်၊ အ​ပျို​တော်​အ​တိုင်း​မ​သိ ရှိ​ကြ၏။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-

ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-

အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို သီ​လ​နှင့်​ပြည့်​စုံ​သော သ​တို့​သ​မီး​က​ညာ​ကဲ့​သို့ ခ​ရစ်​တော်​အား ဆက်​အံ့​သော​ငှာ၊ သင်​တို့​ကို လင်​တစ်​ဦး​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​သော​ကြောင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း စိုး​ရိမ်​သော​စိတ်​နှင့် သင်​တို့​ကို စောင့်​ရှောက်​လျက် နေ၏။-

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ