Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:2

Judson Bible

သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​နမ်း​၍၊ ကျယ်​သော​အ​သံ​နှင့်​ငို​လေ​၏။

တစ်​ဖန် အစ်​ကို​ရှိ​သ​မျှ​တို့​ကို​နမ်း၍ သူ​တို့​နှင့်​ငို​သော​နောက် အ​ချင်း​ချင်း​နှုတ်​ဆက်​ကြ၏။

သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။

ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

ပွဲ​ခံ​ရာ​အိမ်​သို့ ငါ့​ကို​ဆောင်​သွား၍၊ မေ​တ္တာ​တော်​အ​လံ​ကို ငါ့​အ​ပေါ်​မှာ မိုး​တော်​မူ​ပြီ။

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။

နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။

နံ​နက်​စော​စော​ထ၍ စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ​ကုန်​အံ့။ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ အ​ပွင့်​များ​သည် မ​များ​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း၊ ကြည့်​ရှု​ကြ​ကုန်​အံ့၊ ထို​အ​ရပ်၌ ကျွန်​မ၏​မေ​တ္တာ​ကို ကိုယ်​တော်၌ အပ်​ပေး​ပါ​မည်။

ငါ​ချစ်​သော​နှ​မ၊ ငါ​ပျော်​မွေ့​ဖို့​ရာ သင်​သည် အ​လွန်​လှ​ပေ၏။ အ​လွန်​ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​ပေ၏။

သင်၏​နှုတ်​သည်​လည်း အ​ကောင်း​ဆုံး​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ ထို​စ​ပျစ်​ရည်​သည် ငါ​ချစ်​ရာ​သ​ခင်​အ​ဖို့ ဖြောင့်​စွာ​စီး​တတ်​ပါ၏။ အိပ်​ပျော်​သော​သူ​တို့၏​နှုတ်​ခမ်း​သို့ အ​မှတ်​တ​မဲ့​ရောက်​တတ်​ပါ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။-

တု​ရု​မြို့​မှ ပ​တော​လင်​မြို့​သို့​ရောက်​လျှင်၊ ပင်​လယ်​ကူး​ခြင်း​နှင့် လွတ်​ကြ၏။ ပ​တော​လင်​မြို့၌ ညီ​အစ်​ကို​တို့​နှင့် နှုတ်​ဆက်၍ တစ်​ရက်​နေ​ပြီး​မှ၊-

အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မေ​တ္တာ​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​နှင့်​ဆိုင်​သော သင်​တို့​အ​ပေါင်း၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ