Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 8:21

Judson Bible

တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​ကို ရှာ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​သ​ခင်​မ​စေ​လွှတ်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ မ​ရှိ​ပါ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​က၊ ဧ​လိ​ယ​မ​ရှိ​ပါ​ဟု လျှောက်​သော​အ​ခါ၊ ကိုယ်​တော်​ကို ရှာ၍​မ​တွေ့​နိုင်​ဟု ထို​တိုင်း​နိုင်​ငံ​သား​တို့​သည် အ​ကျိန်​ကို​ခံ​ရ​ကြ​ပါ၏။

သူ၏​အ​ရိုး​တို့​သည် ပျို​သော​အ​ရွယ်၏ အ​ရှိန်​နှင့်​ပြည့်​စုံ​သော်​လည်း၊ သူ​နှင့်​တ​ကွ မြေ​မှုန့်၌ အိပ်​ရ​ကြ​လိမ့်​မည်။

ဆိုး​သော​သူ​သည် သေ​သော​အ​ခါ မျှော်​လင့်​ခြင်း​ပျက်​တတ်၏။ မ​တ​ရား​သော​သူ၏ တောင့်​တ​ခြင်း​လည်း ပျက်​တတ်၏။

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။

ထို​မြို့၌ အ​သက်​ငယ်​သော​သူ​ငယ် မ​ရှိ​ရ။ အ​သက်​မ​ပြည့်​စုံ​သော လူ​အို​လည်း မ​ရှိ​ရ။ အ​သက်​တစ်​ရာ​ရှိ​လျက် သေ​သော​သူ​ကို သူ​ငယ်​ဟူ၍ မှတ်​ရ၏။ အ​ပြစ်​ရှိ​သော​သူ​သည် အ​သက်​တစ်​ရာ​ရှိ​လျက် သေ​လျှင်၊ ကျိန်​ခြင်း​ကို​ခံ​ရ​သော​သူ​ဟူ၍ မှတ်​ရ၏။

ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ထို​သို့ မိန့်​တော်​မူ​သော်၊ မိ​မိ​သည် အ​ဘယ်​သို့​သေ​ရ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။

ယေ​ရှု​က​လည်း၊ အ​လင်း​သည် သင်​တို့​တွင်​ခ​ဏ​သာ​ရှိ၏။ အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် မှောင်​မိုက်​သည် သင်​တို့​ကို​မီ​လိမ့်​မည်။ မှောင်​မိုက်၌​သွား​သော​သူ​သည် အ​ဘယ်​ဆီ​သို့​မိ​မိ​သွား​သည်​ကို မိ​မိ​မ​သိ။-

ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-

ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-

သင်​တို့​သည် ငါ့​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ ဟူ​သော​စ​ကား​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ