Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:20

Judson Bible

ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​လေ​ဝိ​သား​တို့​တွင် တံ​ခါး​စောင့်​ကြီး လေး​ယောက်​တို့​သည် အ​ရာ​ကို​ခံ​ရ​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ခန်း​များ​နှင့် ဘ​ဏ္ဍာ​တိုက်​များ​ကို စောင့်​ရ​ကြ၏။

ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။-

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊-

ထို​နောက်​ယေ​ရှု​သည် ဘ​ဏ္ဍာ​တိုက်​ရှေ့​မှာ ထိုင်​တော်​မူ​စဉ်​တွင်၊ လူ​များ​တို့​သည် ကြေး​ငွေ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို ကြည့်​ရှု​တော်​မူ၏။ ငွေ​ရ​တတ်​သော​သူ​အ​များ​တို့​သည် များ​စွာ​သွင်း​ချ​ကြ၏။-

ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍ ငါ​အ​မှန်​ဆို​သည်​ကား၊ ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သော​သူ အ​ပေါင်း​တို့​ထက် ထို​ဆင်း​ရဲ​သား​မု​ဆိုး​မ​သည် သာ၍ သွင်း​ချ​ခဲ့​ပြီ။-

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် မိ​မိ​တို့​ကို ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို​သိ​သော​ကြောင့် ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း လူ​များ​ကို​ကြောက်၍ နေ​ရ​ကြ၏။

ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။-

ထို​အ​ခါ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ တစ်​ဖန် ရှာ​ကြ​ပြန်​လျှင်၊ ထို​သူ​တို့၏​လက်​မှ ထွက်​ကြွ​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။-

ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊-

ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။-

သို့​သော်​လည်း အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။

ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။-

နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊-

ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ