Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 8:16

Judson Bible

ငါ​သည်​စီ​ရင်​သော်​လည်း ငါ၏​စီ​ရင်​ခြင်း​သည် တည်၏။ အ​ကြောင်း​မူ​ကား။ ငါ​သည် တစ်​ယောက်​တည်း နေ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ဘက်၌​နေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ လူ​များ​ကို ဟုတ်​မှန်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

တ​ရား​ကို​နှစ်​သက်​သော ရှင်​ဘု​ရင်၏​တန်​ခိုး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကိုယ်​တော်​သည် မှန်​သော​စီ​ရင်​ခြင်း​ကို တည်​စေ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌ တ​ရား​သ​ဖြင့်​ပြု၍၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​တော်​မူ၏။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။

သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။-

ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။-

ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။-

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ