Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 8:15

Judson Bible

သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား အ​ဘယ်​သူ​ကို​မျှ​မ​စီ​ရင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊

မြင်း​သည် ကျောက်​ပေါ်​မှာ ပြေး​တတ်​သ​လော။ လူ​သည် ကျောက်​ပေါ်​မှာ နွား​နှင့် ထွန်​တတ်​သ​လော။ သင်​တို့​သည်​တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ခါး​စွာ​သော သစ်​ရွက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို ဒေါ​န​ရွက် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သည်​တ​ကား။

သို့​ဖြစ်၍ တ​ရား​လျော့​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ခြင်း မ​ရှိ​ပါ။ မ​တ​ရား​သော​သူ​တို့​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ဝိုင်း​သော​ကြောင့်၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ကြ​ပါ၏။

ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။-

ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။-

ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။-

လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

မျက်​နှာ​ကို​သာ​ကြည့်၍ မ​စီ​ရင်​ကြ​နှင့်။ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။

သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။-

ဝိ​ညာဉ်​လူ​မူ​ကား၊ ထို​အ​ရာ​အ​လုံး​စုံ​တို့​ကို ပိုင်း​ခြား၍ နား​လည်​တတ်၏။ သို့​သော်​လည်း ထို​လူ​ကို အ​ဘယ်​သူ​မျှ ပိုင်း​ခြား၍ မ​သိ​နိုင်။-

သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။

တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။-

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ