Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:27

Judson Bible

သို့​သော်​လည်း ဤ​သူ​သည် အ​ဘယ်​က​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ဘယ်​က​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ရ​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။

မ​တ​ရား​စွာ စီ​ရင်​ခြင်း​အား​ဖြင့် သူ့​ကို​ထုတ်​သွား​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ​မှ သူ့​ကို သုတ်​သင်​ပယ်​ရှင်း​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ ပြ​ညွှန်​မည်​နည်း။ ငါ၏​လူ​မျိုး​အ​ပြစ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​လေ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ​သည်​အ​တိုင်း၊ ဉာဏ်​ကောင်း​သော ရှင်​ဘု​ရင်​တစ်​ဦး​သည် စိုး​စံ၍၊ မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​ရာ​ကာ​လ​သည် ရောက်​လိမ့်​မည်။

သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ၏​သား မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ၊ ရှိ​မုန်​တို့၏ အစ်​ကို​မ​ဟုတ်​လော။ သူ့​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည်​မ​ဟုတ်​လော​ဟု ပြော​ဆို​လျက် စေ​တ​နာ​စိတ် ပျက်​ကြ၏။-

ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။-

ဤ​သူ​သည် ယော​သပ်၏​သား​ယေ​ရှု​ဖြစ်​သည် မ​ဟုတ်​လော။ သူ၏​မိ​ဘ​ကို ငါ​တို့​သိ​သည်​မ​ဟုတ်​လော။ ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်၏​ဟု သူ​သည်​အ​ဘယ်​သို့​ဆို​ရ​သ​နည်း​ဟု ကဲ့​ရဲ့​ပြစ်​တင်​လျက် ဆို​ကြ၏။-

ယု​ဒ​လူ​တို့​သည် အံ့​ဩ၍၊ ဤ​သူ​သည် စာ​မ​သင်​ဘဲ​လျက် အ​ဘယ်​သို့ တတ်​ဘိ​သ​နည်း​ဟု ဆို​ကြ၏။-

ဘု​ရား​သ​ခင်​သည် မော​ရှေ၌ ဗျာ​ဒိတ်​ထား​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ၏။ ထို​သူ​သည် အ​ဘယ်​က ဖြစ်​သည်​ကို မ​သိ​ဟု​ကဲ့​ရဲ့၍ ပြော​ဆို​ကြ​လျှင်၊-

နှိမ့်​ချ​ခြင်း​ကို​ခံ​စဉ်​တွင် သူ​တစ်​ပါး​တို့​သည် ထို​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ၏။ ထို​သူ၏​အ​သက်​ကို မြေ​ကြီး​က သိမ်း​ရုပ်​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ​ပြ​ညွှန်​မည်​နည်း​ဟု ကျမ်း​စာ​လာ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ