Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:26

Judson Bible

ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော၍ အ​ဘယ်​မြစ်​တား​ခြင်း​ကို​မျှ မ​ပြု​ကြ​ပါ​တ​ကား၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို မင်း​များ​တို့​သည် အ​မှန်​သိ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

မြေ​ကြီး​ပေါ်​မှာ တ​ရား​တော်​ကို မ​တည်​စေ​မီ​တွင် အား​မ​လျော့၊ စိတ်​လည်း မ​ပျက်​ရ။ သူ၏​တ​ရား​ကို​လည်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် မျှော်​လင့်​ကြ​လိမ့်​မည်။

မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-

တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊

ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။

သို့​သော်​လည်း အ​ရာ​ရှိ​အ​များ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။-

ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-

ယု​ဒ​လူ​တို့​တွင် အ​ရာ​ရှိ​ဖြစ်​သော နိ​ကော​ဒင်​အ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်၊-

အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊-

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​က​လည်း၊ ဤ​သူ​ကို​သတ်​အံ့​သော​ငှာ ရှာ​ကြ​သည်​မ​ဟုတ်​လော။-

လူ​အ​စု​အ​ဝေး​ထဲ၌ ပါ​သော​လူ​အ​များ​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ဤ​သူ​ပြ​သော နိ​မိတ်​လ​က္ခ​ဏာ​ထက် သာ၍​များ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပြ​တော်​မူ​မည်​လော​ဟု ဆို​ကြ၏။

မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။-

ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။-

ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊-

သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ