Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:6

Judson Bible

ထို​သို့​မေး​တော်​မူ​သော်၊ မိ​မိ​အ​ဘယ်​သို့ ပြု​မည်​ကို​သိ​တော်​မူ​လျက်​ပင် ဖိ​လိ​ပ္ပု​ကို​စုံ​စမ်း​ခြင်း​ငှာ​သာ မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ဘု​ရား​သ​ခင်​သည်၊ အာ​ဗြ​ဟံ​ကို​စုံ​စမ်း​ခြင်း​ငှာ၊ အာ​ဗြ​ဟံ​ဟု ခေါ်​တော်​မူ၍ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ​၏​ဟု​လျှောက်​လျှင်၊

သို့​ရာ​တွင်၊ နိုင်​ငံ​တော်၌ ဖြစ်​သော​အံ့​ဖွယ်​သော​အ​မှု​ကို မေး​မြန်း​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​မင်း​တို့​သည် သံ​တ​မန်​ကို စေ​လွှတ်​သော​အ​မှု​မှာ၊ ဟေ​ဇ​ကိ​မင်း၏​သ​ဘော​ကို အ​ကုန်​အ​စင်​သိ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် စုံ​စမ်း၍​အ​လွတ်​ထား​တော်​မူ၏။

သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​သ​လော၊ မ​တည်​လော​ဟု ကိုယ်​ကို​ကိုယ် စစ်​ကြော​ကြ​လော့။ ကိုယ်​ကို​ကိုယ် စုံ​စမ်း​ကြ​လော့။ အ​စစ်​မ​ခံ​နိုင်​သော သူ​မ​မှန်​လျှင်၊ ယေ​ရှု​ခ​ရစ်​သည် သင်​တို့၌ တည်​တော်​မူ​သည်​ဟု ကိုယ်​အ​ကြောင်း​ကို ကိုယ်​မ​သိ​ကြ​သ​လော။-

ထို​ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို​မြင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ချစ်​သည်​မ​ချစ်​သည်​ကို၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​စမ်း​တော်​မူ၏။

လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊

သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။

သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ