Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:5

Judson Bible

ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဤ​လူ​အ​ပေါင်း​တို့​အား ကျွေး​စ​ရာ​ဖို့​အ​မဲ​သား​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​မှာ​ရ​နိုင်​ပါ​အံ့​နည်း။ သူ​တို့​က အ​ကျွန်ုပ်​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို​ပေး​ပါ​ဟု ငို​ကြွေး​လျက် အ​ကျွန်ုပ်​ကို​တောင်း​ကြ​ပါ၏။

တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊-

ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။-

တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။-

နက်​ဖြန်​နေ့၌ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် ဖိ​လိ​ပ္ပု​ကို​တွေ့၍၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။-

ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။-

နာ​သ​နေ​လ​က​လည်း၊ နာ​ဇ​ရက်​မြို့​ထဲ​က ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ ထွက်​နိုင်​သ​လော​ဟု​မေး​လျှင်၊ ဖိ​လိ​ပ္ပု​က၊ လာ၍​ကြည့်​ပါ​ဟု ဆို၏။-

နာ​သ​နေ​လ​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​ကို သိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ဖိ​လိ​ပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ၊ သင်​သည် သင်္ဘော​သ​ဖန်း​ပင်​အောက်၌ ရှိ​သည်​ကို ငါ​မြင်​သည်​ဟု ပြန်၍​မိန့်​တော်​မူ​လျှင်၊-

ယ​ခု​မှ​စ၍ လေး​လ​လွန်​လျှင်၊ စ​ပါး​ရိတ်​ရာ​ကာ​လ ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​သည် မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား၊ စ​ပါး​ရိတ်​ခြင်း​အ​လို​ငှာ လယ်​ပြင်​တို့​သည် ယ​ခု​ပင်​ဝင်း​ဝင်း​ရှိ​သည်​ကို မျှော်၍​ကြည့်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ