Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:57

Judson Bible

အ​သက်​ရှင်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၍၊ ငါ​သည်​ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သည်​နည်း​တူ၊ ငါ့​ကို​စား​သော​သူ​သည် ငါ့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည်​ဖြစ်၍၊ ငါ၏​ကျောက်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၌ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မှန်​သော​ဘု​ရား၊ အ​သက်​ရှင်​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ၏။ အ​မျက်​တော်​ထွက်​လျှင် မြေ​ကြီး​တုန်​လှုပ်​ရ၏။ လူ​အ​မျိုး​မျိုး​တို့​သည် အ​မျက်​တော်​ကို​မ​ခံ​နိုင်​ကြ။

ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

ခ​ဏ​ကြာ​ပြီး​မှ လော​ကီ​သား​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ သင်​တို့​မူ​ကား မြင်​ရ​ကြ​လိမ့်​မည်။ ငါ​သည် အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ရ​ကြ​လိမ့်​မည်။-

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။-

လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-

လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။-

ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။-

အ​ကြောင်း​မူ​ကား၊ ထို​ခ​ရစ်​တော်​သည် အား​နည်း​ခြင်း​နှင့် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​သော်​လည်း၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​နှင့် အ​သက်​ရှင်​တော်​မူ၏။ ငါ​တို့​သည်​လည်း ခ​ရစ်​တော်၏​နည်း​တူ အား​နည်း​သော်​လည်း၊ သင်​တို့​တွင်​ပြ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း ရှိ​ကြ​လိမ့်​မည်။-

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ အ​ဘယ်​သို့ ဝင်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို သူ​တို့​သည် ကိုယ်​တိုင်​ကြား​ပြော​ကြ၏။ အ​သက်​နှင့် ပြည့်​စုံ​လျက် မှန်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သင်​တို့​သည် ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊-

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ