Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 6:56

Judson Bible

ငါ၏​အ​သား​အ​သွေး​ကို သောက်​စား​သော​သူ​သည် ငါ၌​တည်၏။ ထို​သူ၌​လည်း ငါ​တည်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏​ဟု သင်​သည်​ဆို၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၌ နေ​ရာ​ကျ​သော​ကြောင့်၊

ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။

ငါ​သည် ခ​မည်း​တော်၌​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​နေ့၌ သင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။-

ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-

ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊-

ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။

ပ​ညတ်​တော်​တို့​ကို စောင့်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ထို​သူ၌​လည်း ဘု​ရား​သ​ခင် တည်​တော်​မူ၏။ ငါ​တို့​အား​ပေး​တော်​မူ​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​သည်​အ​မှီ​ပြု၍၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့၌ တည်​တော်​မူ​သည်​ကို သိ​ရ​ကြ၏။

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။-

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ