Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:32

Judson Bible

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က ကြည့်​ရှု​လော့။ ငါ​သည် သင်​တို့​အ​ဖို့ မိုး​ကောင်း​ကင်​က မုန့်​မိုး​ကို​ရွာ​စေ​မည်။ လူ​တို့​သည်​နေ့​တိုင်း​ထွက်​၍ တစ်​နေ့​စား​လောက်​အောင် သိမ်း​ယူ​ရ​ကြ​မည်။ ငါ၏​တ​ရား​အ​တိုင်း​ကျင့်​မည်​လော၊ မ​ကျင့်​လော​ဟု ထို​သို့​သော​အား​ဖြင့် သူ​တို့​ကို​ငါ​စုံ​စမ်း​မည်။

တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။

ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။

ငါ​သည် မှန်​သော​စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည်​လည်း ဥ​ယျာဉ်​စောင့်​ဖြစ်​တော်​မူ၏။-

ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။

ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊-

ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-

ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​ကို ယု​ဒ​လူ​တို့​က၊-

ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။-

ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။-

ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊-

အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ