Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:31

Judson Bible

ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​မွတ်​သိပ်​ခြင်း​နှင့် ရေ​ငတ်​ခြင်း​ကို ပြေ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မုန့်​နှင့် ကျောက်​ထဲ​က​ထုတ်​သော​ရေ​ကို ပေး​တော်​မူ၏။ သူ​တို့​ပိုင်​ဖို့ ကျိန်​ဆို​တော်​မူ​သော​ပြည်​ထဲ​သို့ ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

သူ​တို့​အား သွန်​သင်​စ​ရာ​ဖို့ ကောင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ၏။ သူ​တို့​စား​ရ​သော ကိုယ်​တော်၏​မ​န္န​ကို ရုပ်​သိမ်း​တော်​မ​မူ။ သူ​တို့ အ​ငတ်​ပြေ​စေ​ခြင်း​ငှာ၊ ရေ​ကို​လည်း ပေး​တော်​မူ၏။

သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ လူ​နေ​ရာ​ပြည်​သို့​မ​ရောက်​မီ​တိုင်​အောင်၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး မ​န္န​ကို​စား​ကြ၏။ ခါ​နာန်​ပြည်​နယ်​နိ​မိတ်​သို့ မ​ရောက်​မီ​တိုင်​အောင် မ​န္န​ကို​စား​ကြ၏။

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။-

သင်​တို့​ဘိုး​ဘေး​များ​သည် တော၌​မ​န္န​ကို​စား​လျက် သေ​ရ​ကြ၏။-

ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊-

ဓ​မ္မ​အ​စာ​ကို​အ​တူ​စား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဓ​မ္မ​ရေ​ကို အ​တူ​သောက်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့ မ​သိ​မ​မှတ် ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊-

ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။

ခါ​နာန်​ပြည် စ​ပါး​ကို​စား၍၊ နက်​ဖြန်​နေ့၌ မ​န္န​ပြတ်​လေ၏။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​န္န​ကို​မ​ရ​ကြ။ ထို​နှစ်​တွင် ခါ​နာန်​ပြည်၌​ဖြစ်​သော အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ