Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:12

Judson Bible

ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။

ထို​သို့ သူ​တို့​သည် ခိုင်​ခံ့​သော​မြို့​များ၊ မြေ​ကောင်း​သော​ပြည်၊ ဥ​စ္စာ​နှင့်​ပြည့်​သော​အိမ်၊ တူး​ပြီး​သော​ရေ​တွင်း၊ များ​ပြား​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အ​သီး​သီး​သော အ​ပင်​တို့​ကို သိမ်း​ယူ၍၊ ဝ​စွာ​စား​သောက်​လျက် အ​သား​ဆူ​ဖြိုး၍ ကျေး​ဇူး​တော်​ကြွယ်​ဝ​ခြင်း၌ မွေ့​လျော်​ကြ၏။

အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။

ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-

ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊-

တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊-

လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။

ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ