Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:11

Judson Bible

ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။-

စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊-

ယေ​ရှု​က​လည်း၊ ယ​ခု​ရ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​သည် လာ၍​မုန့်​နှင့် ငါး​ကို​ယူ​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ၏။-

ကုန်း​ပေါ်​သို့​ရောက်​သော​အ​ခါ မီး​ခဲ​ပုံ​ကို​လည်း​ကောင်း၊ ကင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ၏။-

အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-

မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။-

သင်​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ​ဟု​ဆို​ပြီး​လျှင်၊ ပေါ​လု​သည် မုန့်​ကို​ယူ၍ ထို​သူ​များ​ရှေ့၌ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ စား​လေ၏။-

နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-

ဆ​ရာ​သည် မြင့်​သော​အ​ရပ်၌ ယဇ်​သား​ကို​စား​အံ့​သော​ငှာ မ​တက်​မီ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​လျှင် ချက်​ချင်း​တွေ့​လိမ့်​မည်။ သူ​မ​ရောက်​မီ လူ​များ​တို့​သည် မ​စား​တတ်​ကြ။ သူ​သည် ယဇ်​ပွဲ၌ ဘု​ရား​ဝတ်​ကို ပြု​တတ်၏။ ဝတ်​ပြု​ပြီး​မှ ခေါ်​ဖိတ်​သော သူ​တို့​သည် စား​တတ်​ကြ၏။ ယ​ခု​မှာ သွား​လျှင် တွေ့​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​သည်​နှင့်​အ​ညီ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ